Saturday, September 1, 2007

Strong Desire



အားမာန်

လေတိုက်တိုင်းသာ ၊ ပန်းကြွေပါမူ ၊ ဘယ်မှာ ပန်းများကျန်မည်နည်း...... လှိုင်းပုတ်တိုင်းသာ ၊ ကမ်းပြိုပါမူ ၊ ဘယ်မှာမြေကြီး ကျန်မည်နည်း........ ကျရှုံးတိုင်းသာ ၊ ငိုရပါမူ ၊ ဘယ်မှာ မျက်ရည်ကျန်မည်နည်း........ အမှောင်တ၀က် ၊ လင်းတ၀က်မှာ ၊ တရက်တခါ ၊ ကြုံမြဲသာတည်း..... အရှုံးတလှည့် ၊ နိုင်တလှည့်မှာ ၊ မျက်လှည့်ပမာ ၊ တွေ့မြဲသာတည်း.... လှုပ်ရှားရသော ၊ လူ့ရွာတောဝယ် ၊ လင်းသော မှောင်သော ၊ အောင်သော ရှုံးသော ၊ မုန်းသော ချစ်သော ၊ သစ်သော ဟောင်းသော ၊ ဆေးကြောစိတ်ဖြာ ၊ မနေသာပေ လဲရာကထ ၊ ကျရာကတက် ပျက်ရာကဆောက် ၊ ရှေ့သို့လျှောက်၍ ရောက်ရာဘ၀ ၊ အားမာန်ပြရင်း ရုန်းရ ကန်ရမည်သာတကား.......

No comments: