Sunday, September 16, 2007

Ones who yearnig the Moon.




လမင်းငတ်သူများ

ရူးသွပ်စွာ ကောင်းစားသူတွေအတွက်
မွန်းတည့်ချိန်ဟာ တိုတောင်းတယ်ထင်ပေမယ့်
သူတို့ကောင်းစားဖို့အတွက်
ပေးဆပ်ရတဲ့ ဘ၀ပေါင်းများစွာအတွက်ကတော့

မွန်းတည့်ချိန်ဟာ ရှည်လျားလွန်းလှပါတယ်.....။
ကိုယ့်အရိပ်ဟာ
ကိုယ့်နောက်ကို ထက်ချပ်မကွာ လိုက်သတဲ့......။
နေမွန်းတည့်ချိန်မှာ
ဘယ်အရိပ်ကများ လိုက်နိုင်အုံးမှာလဲ.......။

နှေးကွေးစွာ လည်ပတ်နေတဲ့ နာရီအို
ခိုတွေလို ညည်းတွားနေကြတဲ့ လူသားများ

အားမတန်ပေမယ့် မာန်မလျှော့တဲ့ မိခင်

ရင်ကို မြေကတုတ်လုပ်နေတဲ့ အမေ့သား

အကြင်...အကြင် ထိုသူများအတွက်
နေမွန်းရယ် တိမ်းပေးလှည့်ပါ.....။
မွန်းတည့် နေရောင်အောက်မှာ

မြေမြင်ဟာ တံလျှပ်ထ
ပန်းတွေလည်း နွမ်းလျ
စမ်းရေလည်း ခမ်းကြ
နွေနေပူရဲ့ ခါးသီးတဲ့ နှိပ်စက်မှုက

လွတ်မြောက်လိုလှပါပြီ.......။

နေ၀င်ချိန် အမှောင်ရောက်

လမင်းရဲ့ အေးရိပ်အောက်

ဒူးထောက်လိုပဲ ...ထောက်ရ

ရူးသွပ်စွာနဲ့
ဦး....ညွတ်ရ...ညွတ်ရ

သာယာမယ့် ဘ၀ကိုသာ တမ်းတမိပါရဲ့.........။
(မေဓာဝီ)




No comments: