ကြယ်တွေပြိုင်တူ လင်းဖို့လိုတယ်
သုံညတလုံးဟာ
ဘယ်တော့မှ ရှေ့ဆုံးမှာ မနေသင့်ဘူး
မင်းတို့နေရာပျောက်မှာ ကြောက်တာနဲ့
ခန်းမတခုလုံး ဖျောက်ထားရသလား
မိုးကြိုးလျှပ်စီးရယ်......
မင်း....ဒို့ကို ပစ်ခတ် ပြာချလည်း
မင်းလည်းပဲ ခဏပဲ လင်းမှာပါ
လမင်းတော့ ဖြစ်လာမှာ မဟုတ်ပါဘူး
သူငယ်ချင်းတို့ရေ.....
မိုးတိတ်မှ အပြင်ထွက်မယ်ဆိုတဲ့ စိတ်နဲ့တော့
ဘယ်ကိုမှ ရောက်မှာ မဟုတ်ဘူး
ယုံကြည်ချက်တွေ ထမ်းပြီး
ကမ္ဘာသစ်ဆီ သွားမယ့်လမ်းဟာ
ကြမ်းတော့ကြမ်းလိမ့်မယ်
ရှေ့မှာလည်း တစ္ဆေတစ်ကောင်
သေနတ်ကိုင်ပြီး စောင့်နေတယ်
တစ္ဆေ မကြောက်သင့်တဲ့ အချိန်မှာတော့
မျက်လုံးတွေ ကန်းသင့်ရင် ကန်းထားရလိမ့်မယ်